မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၇) အနီးစခန်းတွင် ဇွန်လ ၃၀ ရက်နေ့ ည ၂၂ နာရီ ၁၆ မိနစ်အချိန်က လယ်ယာသုံးဆိုင်ခန်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၂၂ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းအောင် ထိန်းနိုင်ခဲ့ကာ ယနေ့ ၁.၇.၂၀၂၆ ရက်နေ့ နံနက် ၀၀နာရီ ၂၈မိနစ် အချိန်၌ မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Jul 01 • 2:46 AM
Myanmar
Mandalay
Share
| 10 | 0 | 0 | 0 |


