back

ရှမ်းပြည်နယ် တာချီလိတ်လေဆိပ်တွင် မူးယစ်တရားခံပြေးတစ်ဦးကို PSMS စနစ်ဖြင့် ဖမ်းမိ

Jul 01 • 2:45 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ် တာချီလိတ်လေဆိပ်တွင် မူးယစ်တရားခံပြေးတစ်ဦးကို PSMS စနစ်ဖြင့် ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိနေသည့် တရားခံပြေးတစ်ဦးကို ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက PSMS နည်းပညာစနစ် အသုံးပြုစစ်ဆေးမှ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် အလိုရှိနေသည့် တရားခံပြေးတစ်ဦးကို ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက PSMS နည်းပညာစနစ် အသုံးပြုစစ်ဆေးမှုကြောင့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း လေဆိပ်လုံခြုံရေးနှင့် နီးစပ်သူများထံမှ သိရသည်။လေဆိပ်လုံခြုံရေးဆိုင်ရာ ပူးပေါင်းအဖွဲ့သည် တာချီလိတ်မှ မန္တလေးမြို့သို့ မန်းရတနာပုံလေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းရန် ပြင်ဆင်နေသည့် ရှိန်းရာဇာထွန်း (ခ) အာနိုး အား စစ်ဆေးခဲ့ရာ တာချီလိတ်မြို့၊ ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးမှုဖြင့် အမှုဖွင့်လှစ်ခံထားရသည့် တရားခံပြေးဖြစ်နေကြောင်း PSMS စနစ်အရ ပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် ဆက်လက်အရေးယူဆောင်ရွက်ထားရှိသည်။ အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းကလည်း မန်းရတနာပုံလေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ လိုက်ပါရန် ပြင်ဆင်နေသည့် ပြည်ပအလုပ်အကိုင်ဥပဒေဖြင့် အမှုဖွင့်ခံထားရသူ တရားခံပြေးတစ်ဦးကိုလည်း အဆိုပါလေဆိပ်၌ PSMS စနစ်ဖြင့်ပင် စစ်ဆေးဖမ်းဆီးရမိခဲ့ဖူးကြောင်း သိရသည်။

news-view-count-icon

18