back

မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမား ချမ်းမြေ့ထွန်းကို WBPF ပြိုင်ပွဲဝင်ခွင့် (၂) နှစ် ပိတ်ပင်

Jul 01 • 2:43 AM

breaking-news

Myanmar

Local

cover

မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမား ချမ်းမြေ့ထွန်းကို WBPF ပြိုင်ပွဲဝင်ခွင့် (၂) နှစ် ပိတ်ပင်

မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမား ချမ်းမြေ့ထွန်းကို ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် (WBPF) က ကြီးမှူးကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝ...

မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမား ချမ်းမြေ့ထွန်းကို ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် (WBPF) က ကြီးမှူးကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် (၂) နှစ် ပိတ်ပင်လိုက်ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် (MBPF) မှ ထုတ်ပြန်ခဲ့သည်။ ချမ်းမြေ့ထွန်းသည် WBPF က အသိအမှတ်ပြုထားခြင်းမရှိသည့် အပြည်ပြည်ဆိုင်ရာ ကာယဗလအဖွဲ့ချုပ် (IFBB) မှ ကျင်းပသော Pro League ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ Pro Card ရယူခဲ့ခြင်းကြောင့် ယခုကဲ့သို့ WBPF ၏ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှုဖြင့် အရေးယူခံရခြင်းဖြစ်သည်။ အဆိုပါ ပိတ်ပင်မှုသက်တမ်းမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့မှ ၂၀၂၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

news-view-count-icon

39