back

ယနေ့ဖွင့်လှစ်မည့် အောင်ဘာလေထီဆုကြီးတွင် ဆုမဲအရေအတွက် တိုးမြှင့်ထား

Jul 01 • 2:42 AM

breaking-news

Myanmar

Local

cover

ယနေ့ဖွင့်လှစ်မည့် အောင်ဘာလေထီဆုကြီးတွင် ဆုမဲအရေအတွက် တိုးမြှင့်ထား

ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ဖွင့်လှစ်မည့် (၈၈) ကြိမ်မြောက် ၁,၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် ထီစာအုပ်အုပ်ရေ ၁.၂ သန်းကျော် (တန်ဖိုးကျပ် ၁၂ ဘီလီယံကျော်)...

ယနေ့ ဇူလိုင်လ ၁ ရက်နေ့တွင် ဖွင့်လှစ်မည့် (၈၈) ကြိမ်မြောက် ၁,၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် ထီစာအုပ်အုပ်ရေ ၁.၂ သန်းကျော် (တန်ဖိုးကျပ် ၁၂ ဘီလီယံကျော်) ရောင်းချခဲ့ရသဖြင့် ရောင်းရငွေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၈.၆ ဘီလီယံနီးပါးကို ဆုကြေးအဖြစ် ပြန်လည်ချီးမြှင့်မည်ဖြစ်ရာ ပြီးခဲ့သည့်လကထက် ကျပ်သိန်း ၃,၀၀၀ ဆုကို (၂) ဆု၊ ကျပ်သိန်း ၂,၀၀၀ ဆုကို (၃) ဆုနှင့် ကျပ်သိန်း ၁,၀၀၀ ဆုကို (၄) ဆုအထိ ထီဆုကြီးများ၏ ဆုမဲအရေအတွက်ကို တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်သည်။ သို့သော်လည်း ထီဆုကြီးများ တိုးမြှင့်လိုက်သည့်အတွက် ကျပ်သိန်း ၂၀၀ နှင့် ကျပ်သိန်း ၅၀ ဆုများကို ပြီးခဲ့သည့်လကထက် တစ်ဆုစီ လျှော့ချထားပြီး၊ ကျပ် ၁၀ သိန်းဆုကိုမူ ၄ ဆု လျှော့ချ၍ ပြန်လည်ခွဲဝေချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

47