back

ဧရာဝတီတိုင်းတွင် စပါးဈေးနှုန်းများ စံချိန်တင်မြင့်တက်လာသော်လည်း တောင်သူများလက်ဝယ်၌ စပါးမရှိတော့

Jul 01 • 2:41 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းတွင် စပါးဈေးနှုန်းများ စံချိန်တင်မြင့်တက်လာသော်လည်း တောင်သူများလက်ဝယ်၌ စပါးမရှိတော့

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မေလကုန်ပိုင်းမှစတင်ကာ စပါးဈေးနှုန်းများ တရိပ်ရိပ် ဆက်တိုက်မြင့်တက်လျက်ရှိပြီး လက်ရှိတွင် အညာသားနှင့် ရက် ၉၀ စပါးများမှာ တင်းတစ်ရာလျှင...

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မေလကုန်ပိုင်းမှစတင်ကာ စပါးဈေးနှုန်းများ တရိပ်ရိပ် ဆက်တိုက်မြင့်တက်လျက်ရှိပြီး လက်ရှိတွင် အညာသားနှင့် ရက် ၉၀ စပါးများမှာ တင်းတစ်ရာလျှင် ကျပ် ၂၃ သိန်းမှ ၂၅ သိန်းဝန်းကျင်အထိလည်းကောင်း၊ G11 နှင့် ဆာဖိုးသာစပါးများမှာ ကျပ်သိန်း ၂၀ မှ ၂၂ သိန်းဝန်းကျင်အထိလည်းကောင်း၊ ပေါ်ဆန်းမွှေးနှင့် ကျားပျံစပါးများမှာ ကျပ်သိန်း ၄၀ မှ ၅၀ ဝန်းကျင်အထိလည်းကောင်း ဈေးနှုန်းများ အသီးသီးမြင့်တက်နေကြောင်း သိရသည်။ သို့သော်လည်း အခြေခံတောင်သူလယ်သမားအများစုမှာ စိုက်ပျိုးစရိတ်အရင်းအနှီးကြီးမားခြင်း၊ အကြွေးဆပ်ရန်လိုအပ်ခြင်းနှင့် ဈေးကွက်အတွင်း ရောင်းမစွံဖြစ်မည်ကို စိုးရိမ်ခြင်းတို့ကြောင့် စပါးများကို လှောင်ထားနိုင်ခြင်းမရှိဘဲ နွေရာသီကတည်းက ထုတ်ရောင်းခဲ့ကြသဖြင့် လယ်သမား ၁၀ ဦးတွင် ၁ ဦးခန့်၌သာ စပါးကျန်ရှိတော့ပြီး အများစုမှာ လက်ဝယ်၌ ရောင်းစရာစပါးမရှိတော့ဘဲ ယခုဈေးတက်သည့် အကျိုးအမြတ်ကို မခံစားရပေ။ထို့ပြင် လက်ရှိတွင် စက်သုံးဆီဈေးနှုန်းကြီးမြင့်မှု၊ ဝယ်ယူရခက်ခဲမှုနှင့် ပုလဲဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ်တစ်သိန်းကျော်အထိ သွင်းအားစုနှင့် လုပ်အားခများ ဈေးနှုန်းကြီးမြင့်နေခြင်းတို့ကြောင့် လယ်ထွန်စိုက်ပျိုးမည့်သူ ပိုမိုနည်းပါးလာသည်။ ဧရာဝတီတိုင်းအတွင်း၌ မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါး ရှိခဲ့ဖူးသော်လည်း ယခုနှစ်များတွင် စိုက်ပျိုးစရိတ်မြင့်မားမှုနှင့် အခက်အခဲအမျိုးမျိုးကြောင့် စပါးစိုက်ဧက ၂၀ သိန်းဝန်းကျင်ခန့်သာ ရှိတော့သဖြင့် စိုက်ပျိုးဧက ထက်ဝက်နီးပါးအထိ လျော့ကျသွားကြောင်း လယ်သမားအရေး ဆောင်ရွက်သူများ၏ အချက်အလက်များအရ သိရသည်။

news-view-count-icon

13