back

ရှမ်းပြည်နယ်၊အင်းလေးဒေသတွင် စပါးခင်းများ ရေမြုပ်ပျက်စီးပြီး တောင်သူများ အရင်းအနှီးဆုံးရှုံးမှုကြုံနေရ

Jul 01 • 1:57 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊အင်းလေးဒေသတွင် စပါးခင်းများ ရေမြုပ်ပျက်စီးပြီး တောင်သူများ အရင်းအနှီးဆုံးရှုံးမှုကြုံနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဇွန်လပထမပတ်မှစတင်၍ မိုးဆက်တိုက်ရွာသွန်းကာ ကန်ရေတက်လာမှုကြောင့် မြေနိမ့်ပိုင်းကျေးရွာများရှိ စပါးစိုက်ခ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဇွန်လပထမပတ်မှစတင်၍ မိုးဆက်တိုက်ရွာသွန်းကာ ကန်ရေတက်လာမှုကြောင့် မြေနိမ့်ပိုင်းကျေးရွာများရှိ စပါးစိုက်ခင်းများ ရေရှည်ရေမြုပ်ပျက်စီးကာ တောင်သူများ အရင်းအနှီးအကုန်အစင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် အင်းလေးတောင်ဘက်ရှိ အင်းတိန်၊ မင်းချောင်းကျေးရွာအုပ်စုများနှင့် အနောက်ဘက်ခြမ်းရှိ သန်းထောင်ကျေးရွာအုပ်စုတို့တွင် ရေပြန်လည်ကျဆင်းခြင်းမရှိသေးဘဲ စပါးပင်များပုပ်ခေါင်းခြင်း၊ အထွက်နှုန်း သိသိသာသာလျော့ကျခြင်းတို့ ကြုံတွေ့နေရပြီး လက်ရှိစပါးဈေးကွက်မှာလည်း တစ်အိတ်လျှင် ၃ သောင်းကျပ်ခန့်သာရှိ၍ အဆင်မပြေဖြစ်ရသည်။ ထို့ပြင် တောင်သူအချို့မှာ စိုက်ပျိုးစရိတ်ကို တိုးရင်းငွေများဖြင့် ချေးယူစိုက်ပျိုးခဲ့ကြရသဖြင့် အရင်းမရသည့်အပြင် အတိုးဆပ်ရမည့်ဘေးနှင့် ရင်ဆိုင်နေရကာ လာမည့်စိုက်ပျိုးရာသီအတွက်ပါ အရင်းအနှီးပြတ်လပ်သည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

7