back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ စူဠာမုနိဘုရားရင်ပြင်တော်တွင် ဖိနပ်ခိုးယူမှုများ ပြန်လည်စိပ်လာနေ

Jul 01 • 1:56 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ စူဠာမုနိဘုရားရင်ပြင်တော်တွင် ဖိနပ်ခိုးယူမှုများ ပြန်လည်စိပ်လာနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စူဠာမုနိစေတီတော်မြတ်ကြီးတွင် လပြည့်၊ လကွယ်ရက်များနှင့် ရုံးပိတ်ရက်ကဲ့သို့ လူစည်ကားချိန်များကို အခွင့်ကောင်းယူကာ ဘုရား...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ စူဠာမုနိစေတီတော်မြတ်ကြီးတွင် လပြည့်၊ လကွယ်ရက်များနှင့် ရုံးပိတ်ရက်ကဲ့သို့ လူစည်ကားချိန်များကို အခွင့်ကောင်းယူကာ ဘုရားဖူးပြည်သူများ၏ ဒီဇိုင်းဆန်း တန်ဖိုးကြီးဖိနပ်များနှင့် ဖိနပ်အသစ်များကို ပစ်မှတ်ထားခိုးယူမှုများ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားနေသည်။ လက်ရှိ စီးပွားရေးကျပ်တည်းမှုကာလအတွင်း အခွင့်အရေးသမားအချို့၏ ထိုသို့သောလုပ်ရပ်များကြောင့် ကာယကံရှင်ပြည်သူများအကြား ချွေးနည်းစာဖြင့် ဝယ်ယူထားရသည့် ပစ္စည်းများ ဆုံးရှုံးရသဖြင့် စိတ်ပျက်စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ယခုကဲ့သို့ သာသနိကနယ်မြေအတွင်း ခိုးဆိုးလုနှိုက်မှုများ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားနေခြင်းသည် ဘုရားဖူးများအား စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက နယ်မြေဒေသ၏ ပုံရိပ်ကိုပါ ထိခိုက်စေသဖြင့် စေတီတော်ဂေါပကအဖွဲ့နှင့် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ ကျပ်မတ်အရေးယူပေးရန် ဒေသခံများက လိုလားနေကြကြောင်း သိရသည်။

news-view-count-icon

14