back

ပဲခူးတိုင်း၌ ပုံစံ-၇ အမွေဆက်ခံသူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ဖြေလျော့ထုတ်ချေးမည်

Jul 01 • 1:35 AM

breaking-news

Myanmar

Bago

cover

ပဲခူးတိုင်း၌ ပုံစံ-၇ အမွေဆက်ခံသူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ဖြေလျော့ထုတ်ချေးမည်

ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်ထားသော လယ်မြေဧကအပြည့်အဝအပေါ် မူတည်၍ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးပေးမည...

ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်ထားသော လယ်မြေဧကအပြည့်အဝအပေါ် မူတည်၍ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးပေးမည့် အစီအစဉ်မရှိသေးဘဲ၊ လက်ရှိအတိုင်း သီးနှံ (၁၀) ဧကဘောင်အတွင်းသာ ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ပြန်လည်ဖြေကြားခဲ့သည်။ သို့သော်လည်း စိုက်ပျိုးစရိတ်နှင့် သွင်းအားစုစရိတ်ကြီးမားမှုများ ကြုံတွေ့နေရသည့် တောင်သူများ အဆင်ပြေစေရန်အတွက် (ပုံစံ-၇) အမည်ပေါက်နှင့် လက်ဝယ်ရှိသူအမည် မတူညီဘဲ အမွေဆက်ခံထားသူ သို့မဟုတ် အရောင်းအဝယ်ပြုလုပ်ထားသူများအတွက်မူ အချက် (၅) ချက်ပါ စည်းကမ်းချက်များဖြင့် ကတိဝန်ခံချက်လက်မှတ်ရေးထိုးကာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ချေးငွေကိုယ်စားထုတ်ယူခွင့်ပြုရန် စည်းကမ်းချက်များ ဖြေလျော့ပေးထားကြောင်း သိရသည်။

news-view-count-icon

21