back

ဥရောပတွင် မကြုံစဖူး အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁,၃၀၀ ဝန်းကျင်ရှိလာပြီး နိုင်ငံအများအပြားတွင် အပူချိန်စံချိန်သစ်များတင်

Jun 30 • 10:29 AM

breaking-news

Myanmar

International

cover

ဥရောပတွင် မကြုံစဖူး အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁,၃၀၀ ဝန်းကျင်ရှိလာပြီး နိုင်ငံအများအပြားတွင် အပူချိန်စံချိန်သစ်များတင်

ဥရောပတစ်လွှားတွင် မကြုံစဖူး ပြင်းထန်သော နွေရာသီအပူလှိုင်းဒဏ်ကြောင့် ဇွန်လ ၂၀ ရက်မှစတင်ကာ ဆက်စပ်သေဆုံးသူ အရေအတွက် ၁,၃၀၀ ဝန်းကျင်အထိ ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေး...

ဥရောပတစ်လွှားတွင် မကြုံစဖူး ပြင်းထန်သော နွေရာသီအပူလှိုင်းဒဏ်ကြောင့် ဇွန်လ ၂၀ ရက်မှစတင်ကာ ဆက်စပ်သေဆုံးသူ အရေအတွက် ၁,၃၀၀ ဝန်းကျင်အထိ ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရို့စ် အက်ဒါနွန် ဂေဘရီယေးဆပ်စ်၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြထားသည်။ ဇွန်လ ၂၈ ရက်က ဂျာမနီ၊ ပိုလန်၊ သြစတြီးယားနှင့် ချက်နိုင်ငံတို့တွင် သမိုင်းတစ်လျှောက် အပူဆုံးစံချိန်သစ်များ အသီးသီးတင်ခဲ့ပြီး ဂျာမနီအရှေ့ပိုင်း၌ ၄၁.၇ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ကာ၊ ပြင်သစ်နိုင်ငံတစ်ခုတည်းတွင်ပင် သေဆုံးသူ ၁,၀၀၀ ဝန်းကျင် ပိုများခဲ့ကြောင်း သိရသည်။

news-view-count-icon

19