ဇွန်လလယ်ပိုင်းက မြန်မာနိုင်ငံသို့ တရားဝင်လာရောက်ခဲ့သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ၎င်း၏ဇနီးဖြစ်သူနှင့်အဖွဲ့သည် ရန်ကုန်မြို့ရှိ သမိုင်းဝင်ကမ္ဘာကျော် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ မြန်မာဝတ်စုံဖြင့် သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။ လာအိုဒုတိယဝန်ကြီးချုပ်၏ ခရီးစဉ်အပြီး နှစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံတော်သမ္မတအနေဖြင့် လာအိုနိုင်ငံသို့ တုံ့ပြန်ချစ်ကြည်ရေးခရီး သွားရောက်မည်ဟု တရားဝင်ထုတ်ပြန်ထားပြီး၊ ယခုကဲ့သို့ ထိပ်သီးခေါင်းဆောင်များအကြား ဆက်တိုက်အပြန်အလှန်လည်ပတ်ခြင်းသည် အိမ်နီးချင်းနှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် သံတမန်ရေးရာ အခင်းအကျင်းကို ပိုမိုအားကောင်းလာစေရန် လမ်းခင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Jun 30 • 10:26 AM
Laos
Local News
Share
| 3 | 0 | 0 | 0 |


