ကမ္ဘာ့အပူချိန်ကို မြင့်တက်စေသည့် ပစိဖိတ်သမုဒ္ဒရာ၏ သဘာဝရာသီဥတုဖြစ်စဉ် "အယ်နီညို" သည် တရားဝင်စတင်နေပြီဖြစ်ကြောင်း အမေရိကန် အမျိုးသားအဆင့် သမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (NOAA) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဇွန်လ ၃၀ ရက် CNN သတင်းတွင် ဖော်ပြထားသည်။ ပစိဖိတ်အလယ်ပိုင်းနှင့် အပူပိုင်းဒေသ ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် သာမန်ထက် ၀ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ကျော်လွန်ကာ သိသိသာသာမြင့်တက်လာခဲ့ပြီး၊ ယခုတစ်ကြိမ်တွင် "စူပါအယ်နီညို" အဆင့်အထိ ရောက်ရှိကာ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ယင်းဖြစ်စဉ်သည် ကမ္ဘာကြီးပူနွေးလာမှုဒဏ်နှင့် ထပ်ဆင့်ကြုံတွေ့ရမည်ဖြစ်သဖြင့် လာမည့် ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန်သစ်တင်လာနိုင်ပြီး၊ ရာသီဥတု၊ စားနပ်ရိက္ခာနှင့် စီးပွားရေးကဏ္ဍများကို ဆိုးဆိုးရွားရွား ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
Jun 30 • 10:27 AM
Myanmar
International
Share
| 25 | 0 | 0 | 0 |


