back

ရန်ကုန်-မန္တလေး အမှတ် (၉) အဆန်နှင့် အမှတ် (၁၀) အစုန်ရထားများ တပ်ကုန်းဘူတာအစား ရမည်းသင်းဘူတာတွင် ပြောင်းလဲရပ်တန့်မည်

Jun 30 • 10:22 AM

breaking-news

Myanmar

Local

cover

ရန်ကုန်-မန္တလေး အမှတ် (၉) အဆန်နှင့် အမှတ် (၁၀) အစုန်ရထားများ တပ်ကုန်းဘူတာအစား ရမည်းသင်းဘူတာတွင် ပြောင်းလဲရပ်တန့်မည်

ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ် (၉) အဆန်နှင့် အမှတ် (၁၀) အစုန်ရထားများသည် ယနေ့ ဇွန်လ ၃၀ ရက်မှစတင်၍ လမ်းခရီး၌ တပ်ကုန်းဘူတာတွင် ရပ်တန့်ခြင်းမပြုတ...

ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ် (၉) အဆန်နှင့် အမှတ် (၁၀) အစုန်ရထားများသည် ယနေ့ ဇွန်လ ၃၀ ရက်မှစတင်၍ လမ်းခရီး၌ တပ်ကုန်းဘူတာတွင် ရပ်တန့်ခြင်းမပြုတော့ဘဲ ရမည်းသင်းဘူတာတွင် ပြောင်းလဲရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြောင်းလဲမှုမှာ ရထားစီးခရီးသည်များ၏ လိုအပ်ချက်နှင့် ခရီးသည်လိုက်ပါစီးနင်းမှု အခြေအနေများအရ ပြုလုပ်ခြင်းဖြစ်ပြီး၊ အဆိုပါခရီးစဉ်များကို ဇွန်လ ၁ ရက်နေ့မှစ၍ စပိန်နိုင်ငံထုတ် DEMU အမြန်ရထားသစ်များဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်သည်။ ပြောင်းလဲမှုအရ ရန်ကုန်ဘူတာကြီးနှင့် မန္တလေးဘူတာကြီးတို့မှ ထွက်ခွာသည့် အဆိုပါရထားများသည် လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် သာစည်ဘူတာများတွင်သာ ရပ်တန့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

32