ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် ပြည်ထောင်စုအဆင့်၏ လမ်းညွှန်ချက်ရရှိပါက နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။ ဇွန်လ ၂၉ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာ၏ "လုပ်သက် နှစ် ၃၀ နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူခဲ့သော ဝန်ထမ်းများကို မြေကွက်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ" ဟူသည့် ကြယ်ပွင့်ပြမေးခွန်းကို ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၌ မြို့ပြစီမံကိန်းများ အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်ရရှိပါက ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအတွက် မြေကွက်ချထားပေး မည်ဟု စည်ပင်ဝန်ကြီးပြော
Jun 30 • 8:04 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


