မွန်ညီညွတ်ရေးပါတီအား ကူညီအားဖြည့်ပေးခဲ့ကြသည့် မဲဆန္ဒရှင်များနှင့် ဒေသခံပြည်သူများအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးကို ဇွန်လ ၇ ရက်မှ စတင်ကာ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါရုံးကို မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်၊ ၁၉ လမ်းရှိ မွန်ညီညွတ်ရေးပါတီ (ဗဟို) ရုံးနှင့် တွဲဖက်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ ပြည်သူများ၏ လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပါတီဘက်မှ ထုတ်ပြန်ထားကာ မိဘပြည်သူများအနေဖြင့်လည်း ရုံးနှင့် တိုက်ရိုက်ဆက်သွယ်၍ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
Jun 30 • 8:04 AM
Myanmar
Mon
Share
| 10 | 0 | 0 | 0 |


