back

ဆော်ဒီ Aramco ကုမ္ပဏီပိုင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံး

Jun 30 • 8:02 AM

breaking-news

Myanmar

International

cover

ဆော်ဒီ Aramco ကုမ္ပဏီပိုင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူ ၁၄ ဦး သေဆုံး

ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားရေနံကုမ္ပဏီ Saudi Aramco ပိုင် ရဟတ်ယာဉ်တစ်စင်းသည် ဇွန်လ ၂၉ ရက်က ဟော်မုဇ်ရေလက်ကြားအနောက်ဘက်ရှိ ဆော်ဒီအရှေ့ပိုင်း ရက်စ်တန်နူရာ (Ras ...

ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားရေနံကုမ္ပဏီ Saudi Aramco ပိုင် ရဟတ်ယာဉ်တစ်စင်းသည် ဇွန်လ ၂၉ ရက်က ဟော်မုဇ်ရေလက်ကြားအနောက်ဘက်ရှိ ဆော်ဒီအရှေ့ပိုင်း ရက်စ်တန်နူရာ (Ras Tanura) ဒေသတွင် ပျက်ကျခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြခဲ့သည်။ လေးလနီးပါး ရပ်နားထားခဲ့သည့် ရက်စ်တန်နူရာဆိပ်ကမ်း၌ ရေနံစိမ်းတင်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်နေစဉ်အတွင်း ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ လက်ရှိအချိန်ထိ မသိရသေးသဖြင့် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ဒေသတွင်းတင်းမာမှုများအကြား ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သည့် လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

news-view-count-icon

12