ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအရ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၈၈ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် IBEC ဆရာတော်ကြီး ဦးစီးဖွင့်လှစ်ထားသည့် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၄ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၉ ဦးတို့ ပါဝင်ပြီး စုစုပေါင်း ၈၈ ဦး စာမေးပွဲအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
IBEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၈၈ ဦး အောင်မြင်
Jun 30 • 8:01 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


