ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားရေနံကုမ္ပဏီ Saudi Aramco ပိုင် ရဟတ်ယာဉ်တစ်စင်းသည် ဇွန် ၂၉ ရက်က ဟော်မုဇ်ရေလက်ကြား အနောက်ဘက်ရှိ ဆော်ဒီအရှေ့ပိုင်း ရက်စ်တန်နူရာ (Ras Tanura) ဒေသတွင် ပျက်ကျခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရှိရသေးဘဲ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။ ယခုဖြစ်စဉ်မှာ လေးလနီးပါး ရပ်နားထားခဲ့သည့် ရက်စ်တန်နူရာဆိပ်ကမ်း၌ Saudi Aramco က ရေနံစိမ်းတင်ဆောင်မှုလုပ်ငန်းများကို မကြာသေးမီက ပြန်လည်စတင်ပြီးနောက် လည်ပတ်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့အကြီးဆုံး ရေနံတင်ပို့သည့် ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ဒေသတွင်းတင်းမာမှုများအကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ် တင်ပို့မှုများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Jun 30 • 6:51 AM
UAE
Local News
Share
| 12 | 0 | 0 | 0 |


