back

ရှမ်းပြည်နယ်၌ တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ဘိန်းစိုက်ပျိုးမှု အလုံးစုံပိတ်ပင်ပြီး လိုက်နာမှုမရှိပါက အရေးယူမည်ဟုဆို

Jun 30 • 6:53 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၌ တောင်ပိုင်းရှိ မြို့နယ်အချို့တွင် ဘိန်းစိုက်ပျိုးမှု အလုံးစုံပိတ်ပင်ပြီး လိုက်နာမှုမရှိပါက အရေးယူမည်ဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်များတွင် ယခုနှစ်မှစတင်၍ ဘိန်းစိုက်ပျိုးမှုအားလုံးကို အပြီးအပိုင်ရပ်တန့်ရန်နှင့် လိုက်နာမှုမရှိပါက...

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်များတွင် ယခုနှစ်မှစတင်၍ ဘိန်းစိုက်ပျိုးမှုအားလုံးကို အပြီးအပိုင်ရပ်တန့်ရန်နှင့် လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အာဏာပိုင်များက ဒေသခံများအား အသိပေးပြောကြားခဲ့သည်။ ပအိုဝ်းဒေသကို ဘိန်းကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် ရာသီဥတုအရ ရွေးချယ်စရာမရှိဘဲ ဘိန်းကိုသာ အဓိကအားထားစိုက်ပျိုးနေရသည့် ဒေသခံတောင်သူများအကြား စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ လက်ရှိတွင် အစားထိုးသီးနှံအဖြစ် ကော်ဖီနှင့် ထောပတ်ပင်များကို ကျေးရွာအချို့၌သာ ထောက်ပံ့ပေးထားနိုင်ပြီး ကျေးရွာအများစုမှာမူ အကူအညီမရရှိသေးသည့်အပြင် အဆိုပါအပင်များသည် နှစ်ရှည်ပင်များဖြစ်သောကြောင့် ရေတိုမိသားစုစားဝတ်နေရေးနှင့် အကောက်အခွန်များပေးဆောင်ရန် ယခုနှစ်စိုက်ပျိုးရာသီတွင် အခက်အခဲကြီးစွာ ကြုံတွေ့နိုင်သဖြင့် ဈေးကွက်ဝင် အစားထိုးသီးနှံများကို ကွင်းဆင်းစနစ်တကျ စီစဉ်ပေးစေလိုကြောင်း ဒေသခံတောင်သူများက ဆိုသည်။

news-view-count-icon

14