back

တနင်္သာရီတိုင်း၌ ကော့သောင်း-ရနောင်း ပဲ့ချိတ်လှေခများ စက်သုံးဆီဈေးများကြောင့် စျေးတိုးမြှင့်ကောက်ခံနေရ

Jun 30 • 4:52 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၌ ကော့သောင်း-ရနောင်း ပဲ့ချိတ်လှေခများ စက်သုံးဆီဈေးများကြောင့် စျေးတိုးမြှင့်ကောက်ခံနေရ

မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြေးဆွဲနေသည့် ပဲ့ချိတ်စက်လှေခရီးစဉ်များတွင် စက်သုံးဆီဈေးနှုန်းကြီးမြင့်လာခြင်း၊ ခရီးသည်သွားလာမ...

မြန်မာနိုင်ငံ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြေးဆွဲနေသည့် ပဲ့ချိတ်စက်လှေခရီးစဉ်များတွင် စက်သုံးဆီဈေးနှုန်းကြီးမြင့်လာခြင်း၊ ခရီးသည်သွားလာမှု နည်းပါးလာခြင်းနှင့် ကုန်ကျစရိတ်များပြားလာခြင်းတို့ကြောင့် ဇွန်လ ၂၉ ရက်နေ့မှစတင်ကာ ရေယာဉ်စီးနင်းခနှုန်းထားများကို တရားဝင် တိုးမြှင့်ကောက်ခံလိုက်ပြီဖြစ်ရာ ခရီးသည်တစ်ဦးလျှင် ယခင်က ဘတ် ၁၀၀ ကျသင့်နေရာမှ ယခုအခါ ဘတ် ၁၃၀ သို့လည်းကောင်း၊ စီးလုံးပြတ်ငှားရမ်းခကို ဘတ် ၅၀၀ မှ ဘတ် ၇၀၀ သို့လည်းကောင်း အသီးသီးတိုးမြှင့်သတ်မှတ်လိုက်ပြီး အသက် ၃ နှစ်အထက် ကလေးငယ်တစ်ဦးလျှင် ဘတ် ၅၀ နှုန်း ကောက်ခံသွားမည်ဖြစ်သည်။ ထို့ပြင် မိုးရာသီကာလ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေကို ကာကွယ်ရန်နှင့် ပဲ့ချိတ်လှေများ ခရီးသည်ညီတူညီမျှ ပြေးဆွဲခွင့်ရရှိစေရန်အတွက် ရေယာဉ်ငယ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက လှေတစ်စီးလျှင် ခရီးသည် ၇ ဦးသာ ကန့်သတ်တင်ဆောင်ခွင့်ပြုတော့မည်ဖြစ်ပြီး လက်ရှိတွင် နယ်စပ်ပါချန်မြစ်ကို ဖြတ်သန်းပြေးဆွဲနေသည့် ပဲ့ချိတ်လှေအစီးရေ ၂၀၀ ခန့်ရှိသော်လည်း လူဦးရေသွားလာမှု အလွန်နည်းပါးနေခြင်းကြောင့် အချို့လှေများမှာ ဈေးဦးမပေါက်သည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

news-view-count-icon

19