back

မန္တလေးတိုင်း၊ ပုဂံဒေသရှိ ရှားပါးနံရံဆေးရေးပန်းချီ အဆောက်အအုံများကို မှတ်တမ်းပြုစုနေ

Jun 30 • 4:21 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊ ပုဂံဒေသရှိ ရှားပါးနံရံဆေးရေးပန်းချီ အဆောက်အအုံများကို မှတ်တမ်းပြုစုနေ

ကမ္ဘာ့အမွေအနှစ် ပုဂံဒေသရှိ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိပြီး မသမာသူများ၏ ခိုးယူမှု၊ သဘာဝဘေးနှင့် လူတို့၏ ဖျက်ဆီးမှုများကြောင့် နေ့စဉ်ပျက်စီးဆုံးရှုံးနေရသည့် ...

ကမ္ဘာ့အမွေအနှစ် ပုဂံဒေသရှိ နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိပြီး မသမာသူများ၏ ခိုးယူမှု၊ သဘာဝဘေးနှင့် လူတို့၏ ဖျက်ဆီးမှုများကြောင့် နေ့စဉ်ပျက်စီးဆုံးရှုံးနေရသည့် ရှားပါးနံရံဆေးရေးပန်းချီရှိသော ရှေးဟောင်းအဆောက်အအုံများကို စနစ်တကျ အသေးစိတ်မှတ်တမ်းပြုစုကာ ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိသည်။ မြန်မာ့ယဉ်ကျေးမှု ဗိသုကာလက်ရာများနှင့် သမိုင်းဝင်အမွေအနှစ်များကို ကာကွယ်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်အတွင်း ရှေးဟောင်းအဆောက်အအုံ ၅ ဆူကို ရွေးချယ်မှတ်တမ်းတင်နေခြင်းဖြစ်ပြီး၊ အခု ဇွန်လတွင် ရွှေဆံတော်ဘုရား အနောက်တောင်ဘက်ရှိ ၁၃ ရာစု ပုဂံခေတ်နှောင်းပိုင်းလက်ရာ ငဖုန်းသင်ယောင် ဂူဘုရားငယ် (အမှတ် ၁၅၃၆) ကို စတင်ဆောင်ရွက်နေသည်။ အတွင်း၌ တွေ့ရှိရသည့် မင်စာကိုအစွဲပြု၍ ခေါ်တွင်သော အဆိုပါဂူဘုရားအတွင်း၌ စိတ်ဝင်စားဖွယ် စက်ဝန်းပန်းချီများနှင့် ဗုဒ္ဓဘာသာကျမ်းဂန်လာ စကြာဝဠာကြီး တည်ရှိပုံ၊ ဒေသနာတော်များကို သရုပ်ဖော်ထားသည့် နံရံဆေးရေးပန်းချီများကို လေ့လာမြင်တွေ့နိုင်သည်။

news-view-count-icon

18