အမေရိကန်အခြေစိုက် Procter & Gamble (P&G) ၏ လက်အောက်ခံခွဲတစ်ခုဖြစ်ပြီး Tide လျှော်ဖွပ်ရေးပစ္စည်း၊ Downy အဝတ်ပျော့ဆေး၊ Pantene ခေါင်းလျှော်ရည်နှင့် Pampers ဒိုင်ဘာ စသည့် နာမည်ကြီးလူသုံးကုန်အမှတ်တံဆိပ်များကို ဗီယက်နမ်ဈေးကွက်အတွင်း ဖြန့်ဖြူးနေသော P&G Vietnam ကုမ္ပဏီသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည့်အတွက် ဗီယက်နမ်ဒေါင် ၃၉၀ သန်း (အမေရိကန်ဒေါ်လာ ၁၄,၈၂၈) ဒဏ်ရိုက်ခြင်းခံခဲ့ရကြောင်း ဗီယက်နမ်ပြိုင်ဆိုင်မှုဆိုင်ရာကော်မရှင် (VCC) ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၃ အရ သိရသည်။ကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်အရ P&G ဗီယက်နမ်သည် စားသုံးသူများထံသို့ ကုန်ပစ္စည်းနှင့်ပတ်သက်၍ မပြည့်စုံသော အချက်အလက်များ ပေးအပ်ခြင်းနှင့် ၎င်းတို့၏ အထွေထွေအရောင်းအဝယ်ဆိုင်ရာ သဘောတူညီချက် စည်းကမ်းချက်များ (General transaction conditions) တွင် ဥပဒေအရ ပိတ်ပင်တားမြစ်ထားသော အချက်အလက်များကို ထည့်သွင်းထားခြင်း ဟူသည့် ချိုးဖောက်မှု ၂ ခုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ကော်မရှင်က P&G ဗီယက်နမ်အနေဖြင့် အဆိုပါချိုးဖောက်မှုများကို ချက်ချင်းပြင်ဆင်ရန်၊ အရောင်းအဝယ်စည်းကမ်းချက်များကို ပြန်လည်သုံးသပ်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေများနှင့် ညီညွတ်စေရန် အချက်အလက်ထုတ်ပြန်မှုအပိုင်းကို မြှင့်တင်ရန် အမိန့်ပေးခဲ့ပြီး၊ ကုမ္ပဏီဘက်ကလည်း စုံစမ်းစစ်ဆေးမှုကာလအတွင်း လိုအပ်သောစာရွက်စာတမ်းများ ပံ့ပိုးပေးကာ ကော်မရှင်၏ အကြံပြုချက်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 30 • 3:06 AM
Vietnam
Local News
Share
| 7 | 0 | 0 | 0 |


