back

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီး ကျောင်းသားကျောင်းသူ ၃၄၄၆ ဦး ပညာသင်ကြားနေ

Jun 30 • 3:05 AM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်း ၄၄ ကျောင်းဖွင့်လှစ်နိုင်ပြီး ကျောင်းသားကျောင်းသူ ၃၄၄၆ ဦး ပညာသင်ကြားနေ

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လက်ရှိတွင...

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လက်ရှိတွင် မြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း ၄၄ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၄၄၆ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများအနက် တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီး ၁ ဦး၊ သင်ကြားရေး ဆရာ၊ ဆရာမ ၃၀ ဦးနှင့် ပညာရေးဝန်ထမ်း ၅ ဦး အပါအဝင် စုစုပေါင်းဝန်ထမ်း ၃၆ ဦးဖြင့် သင်ကြားရေးတာဝန်များကို ထမ်းဆောင်ပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၂၆၁ ဦး တက်ရောက်ပညာသင်ယူနေကြောင်း သိရသည်။

news-view-count-icon

11