back

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်များ ပျောက်လုနီးပါးဖြစ်ကာ ကထွမ့်ဆိုင်များ လွှမ်းမိုးလာ

Jun 30 • 2:41 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်များ ပျောက်လုနီးပါးဖြစ်ကာ ကထွမ့်ဆိုင်များ လွှမ်းမိုးလာ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကထွမ့် (Kratom) ခေါ် ဘိန်းစာရွက်အရည်ဖျော်စပ်ရောင်းချသည့် ဆိုင်များ အရှိန်အဟုန်ဖြင့် တိုးပွားလွှမ်းမိုးလာသောကြောင့် သာ...

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကထွမ့် (Kratom) ခေါ် ဘိန်းစာရွက်အရည်ဖျော်စပ်ရောင်းချသည့် ဆိုင်များ အရှိန်အဟုန်ဖြင့် တိုးပွားလွှမ်းမိုးလာသောကြောင့် သာမန်လက်ဖက်ရည်ဆိုင်များနှင့် ဘီယာဆိုင်များ သိသိသာသာ လျော့နည်းကျဆင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် တာချီလိတ်မြို့၌ ကထွမ့်ဆိုင် ၃၀၀ ကျော်ခန့်အထိ ရှိလာနိုင်ပြီး အချို့ဆိုင်ကြီးများမှာ စားပွဲဝိုင်း ၅၀ ဝန်းကျင်ဖြင့် ၂၄ နာရီနီးပါး စည်ကားစွာ ဖွင့်လှစ်ထားကြသည်။ ယင်းသို့ ကထွမ့်ဆိုင်များ ပေါ်တင်ကြော်ငြာရောင်းချမှု များပြားလာခြင်းကြောင့် အရင်က စည်ကားခဲ့သည့် စီဘီယာဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များမှာ စီးပွားရေးကျဆင်းကာ ရပ်နားရသည်အထိ ဖြစ်လာပြီး၊ အချို့ဆိုင်များမှာမူ ကထွမ့်နှင့် တွဲဖက်ရောင်းချလာရသည်။ ထိုင်းနယ်စပ်ဘက်မှ ဝင်ရောက်လာသည့် အဆိုပါကထွမ့်ရွက်ပြုတ်ရည်များကို ချောင်းဆိုးပျောက်ဆေး၊ အခြားမူးယစ်ဆေးဝါးများနှင့် ပေါင်းစပ်ခြင်း၊ သစ်သီးအနံ့များ ထည့်သွင်းခြင်းဖြင့် ပုံစံမျိုးစုံ ဖျော်စပ်ရောင်းချနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ တည်ဆဲမူးယစ်ဆေးဝါးဥပဒေအရ ကထွမ့်ကို တားမြစ်ထားသော်လည်း ၂၀၂၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်အနှံ့ရှိ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ လဲချားနှင့် ပင်လုံစသည့် မြို့များအထိ ကထွမ့်ဖျော်ရည်ရောင်းချမှုနှင့် သောက်သုံးမှုစွဲလန်းမှုများ မြန်မြန်ဆန်ဆန် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

news-view-count-icon

24