back

ကရင်ပြည်နယ်၌ အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်သည့် ပြည်ပနိုင်ငံသား ၁၂ ဦးအား ထပ်မံဖော်ထုတ် ထိန်းသိမ်း

Jun 30 • 2:40 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်၌ အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်သည့် ပြည်ပနိုင်ငံသား ၁၂ ဦးအား ထပ်မံဖော်ထုတ် ထိန်းသိမ်း

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများကို ဖြတ်သန်းကာ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆို...

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများကို ဖြတ်သန်းကာ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၂ ဦး၊ ဘူရွန်ဒီနိုင်ငံသား ၂ ဦး၊ နမီးဘီးယားနိုင်ငံသား ၁ ဦး၊ လိုက်ဘီးရီးယားနိုင်ငံသား ၁ ဦးနှင့် ယူဂန္ဓာနိုင်ငံသား ၁ ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၁၂ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းကာ ပြည်နှင်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၂၉ ရက်အထိ ဖော်ထုတ်ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄,၇၃၀ ဦးရှိပြီဖြစ်ကာ ၎င်းတို့အနက် ၁၃,၅၅၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ လွှဲပြောင်းရန် ကျန်ရှိနေသည့် ၁,၁၇၇ ဦးအနက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနှင့် မူးယစ်ဆေးဝါးဥပဒေများအရ အရေးယူထားသည့် ၆၆၂ ဦးရှိပြီး၊ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၅၁၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

news-view-count-icon

15