ပြည်တွင်းရှိ ခရီးသည်တင်ရထားများတွင် တရားမဝင် မှောင်ခိုပစ္စည်းများ၊ အကောက်ခွန်ရှင်းလင်းထားခြင်းမရှိသည့် အခွန်ရှောင်ပစ္စည်းများနှင့် စီးပွားရေးအရ ရောင်းဝယ်ဖောက်ကားမည့် ကုန်စည်အမြောက်အမြားကို လူစီးတွဲများ၌ တင်ဆောင်ခြင်းမပြုရန်နှင့် လိုက်နာမှုမရှိဘဲ စစ်ဆေးတွေ့ရှိပါက ပစ္စည်းများသိမ်းဆည်းခံရမည့်အပြင် တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက အထူးသတိပေး ထုတ်ပြန်ထားသည်။ ခရီးစဉ်များ နှောင့်နှေးကြန့်ကြာမှုမရှိစေရန်နှင့် ဘေးကင်းလုံခြုံစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့အစည်းများက ခရီးစဉ်တစ်လျှောက် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်အသုံးအဆောင် ခရီးဆောင်အိတ်များကိုသာ သတ်မှတ်အလေးချိန်အတွင်း သယ်ဆောင်ကြရန်နှင့် ဘေးကင်းချောမွေ့သော ခရီးစဉ်ဖြစ်စေရန် ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထားသည်။
Jun 30 • 2:39 AM
Myanmar
Local
Share
| 21 | 0 | 0 | 0 |


