back

ရှမ်းပြည်နယ် အင်းလေးဒေသတွင် ဝက်များ ဆက်တိုက်သေဆုံးနေ၍ ဝက်မွေးမြူမှု ရပ်နားထားရ

Jun 30 • 1:56 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ် အင်းလေးဒေသတွင် ဝက်များ ဆက်တိုက်သေဆုံးနေ၍ ဝက်မွေးမြူမှု ရပ်နားထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မေလမှစတင်ကာ ဝက်များ သေဆုံးမှု ဆက်လက်ဖြစ်ပွားနေသဖြင့် မွေးမြူသူအချို့မှာ ဝက်မွေးမြူခြင်းလုပ်ငန်းကို ယာယ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မေလမှစတင်ကာ ဝက်များ သေဆုံးမှု ဆက်လက်ဖြစ်ပွားနေသဖြင့် မွေးမြူသူအချို့မှာ ဝက်မွေးမြူခြင်းလုပ်ငန်းကို ယာယီရပ်နားထားကြရကြောင်း ဒေသခံများထံမှ သိရသည်။ ရောဂါဖြစ်ပွားသည့် ဝက်များတွင် ကိုယ်အပူချိန်မြင့်တက်ခြင်း၊ ခန္ဓာကိုယ်အပေါက်များမှ သွေးခဲများထွက်ခြင်း၊ ခံတွင်း၌ အရည်ကြည်ဖုများဖြစ်ပေါ်ခြင်းနှင့် အတွင်းကလီစာများတွင် အစက်အပြောက်များတွေ့ရှိရခြင်းတို့ ဖြစ်ပေါ်ကာ ဆေးဝါးကုသသော်လည်း မသက်သာဘဲ သေဆုံးနေခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ဝက်များသေဆုံးရသည့် အကြောင်းရင်းကို တိရစ္ဆာန်ကျန်းမာရေးဌာနက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသဖြင့် ဒေသခံများက ရောဂါဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးပေးရန် လိုလားနေကြပြီး၊ ဈေးကွက်အတွင်း၌လည်း ဝက်သားဝယ်ယူစားသုံးရန် စိုးရိမ်နေကြကာ ရှိသည့်ဝက်များကိုပင် ဝယ်ယူမည့်သူ မရှိဘဲဖြစ်နေသည်။ အလားတူ ပြီးခဲ့သည့် ဧပြီလကလည်း ရွာငံမြို့နယ်ရှိ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးခြံအချို့တွင် ဝက်များရုတ်တရက် အစာမစားဘဲ နာကျသေဆုံးမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

news-view-count-icon

24