back

တရုတ်နိုင်ငံ စိချွမ်းပြည်နယ်၌ ၅.၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၃ ဦး ဒဏ်ရာရပြီး လူ ၂၀၀ နီးပါးအား အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရ

Jun 30 • 1:40 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ စိချွမ်းပြည်နယ်၌ ၅.၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၃ ဦး ဒဏ်ရာရပြီး လူ ၂၀၀ နီးပါးအား အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရ

တရုတ်နိုင်ငံ စိချွမ်းပြည်နယ်၊ ယီပင်မြို့၊ ကိုခရိုင်တွင် ဇွန်လ ၂၉ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်က ရစ်ချ်တာစကေး ၅.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၃ ဦ...

တရုတ်နိုင်ငံ စိချွမ်းပြည်နယ်၊ ယီပင်မြို့၊ ကိုခရိုင်တွင် ဇွန်လ ၂၉ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်က ရစ်ချ်တာစကေး ၅.၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၃ ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ အချိန်မီ ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေလျက်ရှိသည်။ ထို့ပြင် နောက်ဆက်တွဲ ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ရန်အတွက် ဒေသခံပြည်သူ ၁၉၆ ဦးအား ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းကာ ပြန်လည်နေရာချထားပေးခဲ့ရသည်။ လက်ရှိတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ငလျင်ဘေး ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို စနစ်တကျ ဆက်လက်လုပ်ဆောင်နေကြောင်း စီအာရ်အိုင် သိရသည်။

news-view-count-icon

12