တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှား၏ အဓိကမဟာမိတ်ဖြစ်သူ ဘီလာရုစ်ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုနှင့် ဇွန် ၂၉ ရက်တွင် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ပတ်လမ်း၊ ရပ်ဝန်းစီမံကိန်း (BRI) ဖော်ဆောင်မှုကို အရှိန်မြှင့်တင်ရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။ တရုတ်-ဘီလာရုစ် ဆက်ဆံရေးသည် နိုင်ငံတကာစိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရှိတွင် သမိုင်းတစ်လျှောက် အကောင်းဆုံးကာလသို့ ရောက်ရှိနေကြောင်း တရုတ်အစိုးရက ထုတ်ပြန်ထားကာ၊ နယ်ပယ်အသီးသီးရှိ အရင်းအမြစ်များကို စုစည်းအသုံးချရန် သမ္မတရှီက တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်က ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် လူကာရှန်ကိုနှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
Jun 30 • 1:39 AM
China
Local News
Share
| 6 | 0 | 0 | 0 |


