back

၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲ ကျင်းပမည်ဖြစ်

Jun 30 • 1:38 AM

breaking-news

Myanmar

Local

cover

၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲ ကျင်းပမည်ဖြစ်

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်များကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုသိရှိပြီး လာရောက်လည်ပတ...

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအလှအပများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်များကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုသိရှိပြီး လာရောက်လည်ပတ်စေရန်နှင့် ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ဗီဒီယိုများကို ဇွန်လ ၂၉ ရက်မှစတင်၍ ဩဂုတ် ၂၁ ရက် နေ့လယ် ၃ နာရီနောက်ဆုံးထားကာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး ဆုရရှိသည့် ဗီဒီယိုများကို စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနား၌ ခင်းကျင်းပြသကာ ဆုများချီးမြှင့်သွားမည်ဖြစ်သည်။ ဆုကြေးများအနေဖြင့် ပထမဆု ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၂ သိန်း၊ တတိယဆု ငွေကျပ် ၁၀ သိန်းနှင့် ငွေကျပ် ၃ သိန်းစီ ချီးမြှင့်မည့် နှစ်သိမ့်ဆု ၅ ဆုအထိ သတ်မှတ်ထားရှိထားကြောင်း သိရသည်။

news-view-count-icon

42