back

ရွှေဂုံတိုင်မီးပွိုင့်ဝန်းကျင်တွင် လူတစ်ဥ္ီးဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပြီး ဆေးရုံသို့ ပို့ဆောင်ကုသနေရ

Jun 29 • 2:18 PM

breaking-news

Myanmar

Yangon

cover

ရွှေဂုံတိုင်မီးပွိုင့်ဝန်းကျင်တွင် လူတစ်ဥ္ီးဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပြီး ဆေးရုံသို့ ပို့ဆောင်ကုသနေရ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မီးပွိုင့်အနီးရှိ ရွှေဂုံရိပ်မွန်အိမ်ရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အဓိကဖြစ်ပွားနေပြီး လူနာများကို ဆေးရုံသို့ ပိ...

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မီးပွိုင့်အနီးရှိ ရွှေဂုံရိပ်မွန်အိမ်ရာတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အဓိကဖြစ်ပွားနေပြီး လူနာများကို ဆေးရုံသို့ ပို့ဆောင်ကုသပေးနေရကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ဇွန်လ ၂၈ ရက် ညနေပိုင်းကလည်း အဆိုပါအိမ်ရာအတွင်းရှိ အရေးပေါ်ဝမ်းလျှောလူနာတစ်ဦးကို ရွှေဂုံရိပ်မွန်လူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရပြီး၊ လက်ရှိရက်ပိုင်းအတွင်း ထိုဝန်းကျင်၌ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၀ ဦးထက်မနည်း ရှိလာနေကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးမှုမရှိသေးဘဲ ဗဟန်းနှင့် အခြားမြို့နယ်များရှိ ရပ်ကွက်ဆေးခန်းများကိုလည်း ဝမ်းလျှောလူနာလာရောက်ပါက ဆေးရုံသို့ တိုက်ရိုက်လွှဲပြောင်းပို့ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

news-view-count-icon

23