၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံလိုသူများအတွက် မြေဧရိယာ ၃.၉ ဟက်တာ နှစ်ရှည်ငှားရမ်းမှုကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာ-ဂျပန် သီလဝါ ဒက်ဗလော့မင့် လီမိတက် (MJTD) မှ သိရသည်။ သီလဝါအထူးစီးပွားရေးဇုန်အတွင်း စက်မှုလုပ်ငန်းဧရိယာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုကို ၅.၄ မဂ္ဂါဝပ်အထိ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အဆိုပါ MJTD ကုမ္ပဏီအနေဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးခဲ့သော ဘဏ္ဍာရေးနှစ်အတွက် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄.၇ သန်း ရရှိခဲ့ပြီး စုဆောင်းပြီးအမြတ်လက်ကျန် အမေရိကန်ဒေါ်လာ ၆၄.၆ သန်းနှင့် ငွေသားနှင့်ဘဏ်လက်ကျန်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅.၈ သန်း ရှိကြောင်း ၎င်းတို့၏ ဘဏ္ဍာရေးရှင်းတမ်းအရ သိရသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် နှစ်ရှည်မြေယာငှားရမ်းမှု ၃.၉ ဟက်တာ အတည်ပြုပြီး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု တိုးမြှင့်
Jun 29 • 2:15 PM
Myanmar
Local
Share
| 25 | 0 | 0 | 0 |


