back

ရန်ကုန်တိုင်းလွှတ်တော်တွင် YBS တိုးချဲ့ပြေးဆွဲရေးနှင့် နိုင်ငံ့ဝန်ထမ်းများ မြေကွက်ချထားရေး အပါအဝင် ကြယ်ပွင့်ပြမေးခွန်း ၈ ခုကို ဆွေးနွေး

Jun 29 • 2:13 PM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းလွှတ်တော်တွင် YBS တိုးချဲ့ပြေးဆွဲရေးနှင့် နိုင်ငံ့ဝန်ထမ်းများ မြေကွက်ချထားရေး အပါအဝင် ကြယ်ပွင့်ပြမေးခွန်း ၈ ခုကို ဆွေးနွေး

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို ဇွန်လ ၂၉ ရက် ယနေ့တွင် ဆက်လက်ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး တက်ရောက်ခဲ့ကြပြ...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို ဇွန်လ ၂၉ ရက် ယနေ့တွင် ဆက်လက်ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး တက်ရောက်ခဲ့ကြပြီး၊ တွံတေးနှင့် လှည်းကူးမြို့နယ်များသို့ YBS ယာဉ်လိုင်းသစ်များ တိုးချဲ့ပြေးဆွဲပေးရေး၊ နိုင်ငံ့ဝန်ထမ်းများ မြေကွက်ချထားပေးရေး၊ စားသောက်ကုန်နှင့် ဆေးဝါးများ စိစစ်ကြပ်မတ်ရေး၊ ရွှေပြည်သာမြို့နယ်အပါအဝင် အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး စသည့် လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၏ ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

11