လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အောင်မြင်သူ ၁၁ ဦးတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ ၂ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၃ ဦး၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ ၄ ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (မန္တလေး) မှ ၁ ဦးနှင့် လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ၁ ဦးတို့ အသီးသီး ပါဝင်ကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်
Jun 29 • 8:26 AM
Myanmar
Local
Share
| 19 | 0 | 0 | 0 |


