ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီး ၁၃ ဦး ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဒေသခံပြည်သူများကို ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကွင်းဆင်း၍ အထူးကုဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူစုစုပေါင်း ၁,၆၄၂ ဦးကို အထူးကုကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါအဖွဲ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး (ခုတင် ၅၀၀)၊ ကလေးဆေးရုံကြီး (မန္တလေး) နှင့် သက်ဆိုင်ရာ ဆေးရုံကြီးများမှ ပါမောက္ခများနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်ခဲ့ပြီး တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်းကာ ကုသမှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Jun 29 • 8:24 AM
Myanmar
Shan
Share
| 19 | 0 | 0 | 0 |


