ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ၂၀၂၆ ခုနှစ် ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း အိန္ဒိယရုပ်သံလိုင်း NDTV နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ကတိပြုပြောကြားခဲ့သည်။ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သော ဟာစီနာက ၎င်းအပေါ် မျက်ကွယ်သေဒဏ်ချမှတ်ထားမှုကို တရားမဝင်သည့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပယ်ချဝေဖန်ခဲ့ပြီး၊ ၎င်းအနေဖြင့် အန္တရာယ်ကို မကြောက်ရွံ့ဘဲ ပြည်တော်ပြန်ရေးအတွက် ကြုံတွေ့ရမည့် အတားအဆီးနှင့် ပူးပေါင်းကြံစည်မှုမှန်သမျှကို ကျော်လွှားသွားမည်ဟု ပြောကြားခဲ့သည်။ သူမသည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြလှုပ်ရှားမှုများကြောင့် အစိုးရပြုတ်ကျပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ခွာတိမ်းရှောင်နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
| 10 | 0 | 0 | 0 |


