ပထမဝါဆိုလပြည့်နေ့ဖြစ်သော ဇွန်လ ၂၉ ရက် ယနေ့တွင် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ အသံမစဲ အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်ပွဲကို ဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ပွဲကို ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားကြီးတိုက်၊ ပတ္တမြားကျောင်းဆရာတော်နှင့် ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိတို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့်အတူ အလှည့်ကျဘာဏကဆရာတော်က အဘိဓမ္မာ (၇) ကျမ်းပါဠိတော်များကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ပထမဝါဆိုလပြည့်နေ့တွင် အဘိဓမ္မာ (၇) ကျမ်း ရွတ်ဖတ်ပူဇော်
Jun 29 • 8:20 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


