back

ရှမ်းပြည်နယ်၊လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့တွင် မျက်နှာတော်သစ်ပူဇော်ပြီး အနေကဇာတင်လှူ

Jun 29 • 8:17 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့တွင် မျက်နှာတော်သစ်ပူဇော်ပြီး အနေကဇာတင်လှူ

တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၏ မြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့ဖြစ်သော ဇွန်လ ၂၉...

တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၏ မြို့ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ပထမဝါဆိုလပြည့်နေ့ဖြစ်သော ဇွန်လ ၂၉ ရက် ယနေ့နံနက်ပိုင်းတွင် မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် အနေကဇာတင်လှူခြင်းမဟာမင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် တာဝန်ရှိသူများက ရုပ်ရှင်တော်မြတ်ကြီးအား မျက်နှာတော်သစ်ပူဇော်ကာ ဆီမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

news-view-count-icon

18