မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) နှင့် အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်အရ Commercial Pilot License (CPL) လေယာဉ်မောင်းသင်တန်း တက်ရောက်ကြမည့် မြန်မာကျောင်းသား ၅ ဦးသည် ဇွန်လ ၂၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သိရသည်။ အဆိုပါကျောင်းသားများသည် ဇွန်လ ၂၉ ရက်မှစတင်၍ သင်တန်းအပ်နှံခြင်းနှင့် မိတ်ဆက်အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၆ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားအလယ်ပိုင်းရှိ Cilacap မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Perkasa Flight School တွင် လေယာဉ်မှူးသင်တန်းတက်ရောက်မည့် မြန်မာကျောင်းသား ၅ ဦး အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ
Jun 29 • 8:14 AM
Myanmar
Local
Share
| 21 | 0 | 0 | 0 |


