back

ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး ပထမရရှိသည့် လှိုင်သာယာမှ ကျောင်းသူ မနီနီကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သွားရောက်ဂုဏ်ပြု

Jun 29 • 8:12 AM

breaking-news

Myanmar

Yangon

cover

ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံး ပထမရရှိသည့် လှိုင်သာယာမှ ကျောင်းသူ မနီနီကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သွားရောက်ဂုဏ်ပြု

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ်ပေါင်း ၅၃၀ မှတ်ဖြင့် ဝိပ္ပံဘာသာတွဲမှ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှ ကျောင်းသူ မ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ်ပေါင်း ၅၃၀ မှတ်ဖြင့် ဝိပ္ပံဘာသာတွဲမှ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိခဲ့သည့် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှ ကျောင်းသူ မနီနီကျော်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက သွားရောက်ဂုဏ်ပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။ မနီနီကျော်သည် ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီးနောက် မိခင်ဖြစ်သူနှင့်အတူ နေထိုင်ကာ စက်ရုံအလုပ်သမားဖြစ်သည့် အစ်မဖြစ်သူ၏ ထောက်ပံ့မှုဖြင့် ခက်ခဲပင်ပန်းစွာ ပညာသင်ကြားခဲ့ရသူဖြစ်ပြီး ယခုကဲ့သို့ တစ်နိုင်ငံလုံး ပထမအဆင့်ကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်သူ စုစုပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

news-view-count-icon

17