၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်စာစစ်ဌာနမှ အကျဉ်းသား ၁၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၀ ဦးစလုံး ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး ၎င်းတို့အနက် သုံးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁ ဦးဖြင့် အားလုံးဂုဏ်ထူးအသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။ ယခုနှစ် မန္တလေးတိုင်းဒေသကြီးတစ်ခုလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၄၅,၆၃၅ ဦး ရှိသည့်အနက် ၂၈,၃၉၃ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၂၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
Jun 29 • 8:10 AM
Myanmar
Mandalay
Share
| 16 | 0 | 0 | 0 |


