back

မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်၌ ပျက်စီးသွားသော ဓာတ်အားခွဲရုံများကို ပြုပြင်ပြီးနောက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ပြန်လည်ရရှိ

Jun 29 • 8:07 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်၌ ပျက်စီးသွားသော ဓာတ်အားခွဲရုံများကို ပြုပြင်ပြီးနောက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ပြန်လည်ရရှိ

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြာမြင့်နေပြီဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဇွန်လ ၂၈ ရက်မှစတင်ကာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ပြန်လည်ရရ...

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြာမြင့်နေပြီဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဇွန်လ ၂၈ ရက်မှစတင်ကာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ပြန်လည်ရရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ မိုးကုတ်မြို့နယ်အတွင်း လျှပ်စစ်မီး ပြန်လည်ပေးနိုင်ရေးအတွက် ပျက်စီးနှင့် ပျောက်ဆုံးခဲ့သည့် နန်းနွဲ့ 66/33/11kV (30+10)MVA ဓာတ်အားခွဲရုံနှင့် မင်းတံတား 33/11kV (5)MVA ဓာတ်အားခွဲရုံ(၂) တို့ရှိ ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ ပစ္စည်းကိရိယာများကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်အစားထိုး ပြုပြင်ခဲ့ကြရာ ဇွန်လ ၂၅ ရက်တွင် လုပ်ငန်းများ အလုံးစုံပြီးစီးခဲ့ပြီး Main အပြောင်းအလဲနှင့် Float Charge လုပ်ငန်းများကို အောင်မြင်စွာ စမ်းသပ်လုပ်ဆောင်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

16