၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အကျဉ်းသား၊ အကျဉ်းသူများနှင့် လူငယ်သင်တန်းကျောင်းများမှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုနှစ်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦးနှင့် မန္တလေးဗဟိုအကျဉ်းထောင်မှ ၁၀ ဦး အောင်မြင်ခဲ့ပြီး ၎င်းတို့အနက် ၃ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၆ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၆ ဦး ပါဝင်ကြောင်း၊ ထို့ပြင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ ၂ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၃ ဦး၊ မန္တလေးလူငယ်သင်တန်းကျောင်းမှ ၄ ဦးအပါအဝင် လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှလည်း အသီးသီး အောင်မြင်ခဲ့ကြကြောင်း သိရသည်။ ကော်မရှင်အနေဖြင့် အောင်မြင်သူအားလုံးကို လှိုက်လှဲစွာ ဂုဏ်ယူပြီး အကျဉ်းသား/သူများ၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများ ပညာသင်ယူခွင့် ဆက်လက်ရရှိစေရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်ပေးသွားမည်ကို ယုံကြည်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် အကျဉ်းသားများနှင့် လူငယ်သင်တန်းကျောင်းမှ ကျောင်းသားများအတွက် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်
Jun 29 • 8:02 AM
Myanmar
Local
Share
| 18 | 0 | 0 | 0 |


