back

စက်သုံးဆီတင်သွင်းမှု စင်ကာပူအရင်းအမြစ်တစ်ခုတည်းအပေါ် အဓိကမှီခိုနေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီးပြော

Jun 29 • 7:52 AM

breaking-news

Singapore

Local News

cover

စက်သုံးဆီတင်သွင်းမှု စင်ကာပူအရင်းအမြစ်တစ်ခုတည်းအပေါ် အဓိကမှီခိုနေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီးပြော

မြန်မာနိုင်ငံ၏ စက်သုံးဆီထောက်ပံ့မှုမှာ ပြည်ပတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး လက်ရှိတွင် စင်ကာပူနိုင်ငံရှိ အရင်းအမြစ် (Source) တစ်ခုတည်းကိုသာ အဓိကကုန်သွယ်ရေးဗဟ...

မြန်မာနိုင်ငံ၏ စက်သုံးဆီထောက်ပံ့မှုမှာ ပြည်ပတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး လက်ရှိတွင် စင်ကာပူနိုင်ငံရှိ အရင်းအမြစ် (Source) တစ်ခုတည်းကိုသာ အဓိကကုန်သွယ်ရေးဗဟိုချက်အဖြစ် မှီခိုဆောင်ရွက်နေရကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက ဇွန်လ ၂၅ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး ပိုမိုခိုင်မာစေရန်အတွက် မတူညီသော စွမ်းအင်အရင်းအမြစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများမှ စက်သုံးဆီတင်သွင်းနိုင်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် စွမ်းအင်ကုန်သွယ်မှု တိုးချဲ့နိုင်ရေးတို့ကို မူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

news-view-count-icon

1