စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဇွန်လ ၂၇ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မကျန်ကျေးရွာနှင့် တိုက်ရံကျေးရွာအကြား လမ်းပိုင်းအချို့ ပျက်စီးခဲ့ပြီး တိုက်ရံ-ဆပ္ပလော် လမ်းပိုင်း၌လည်း ရေဝပ်မှုများ ဖြစ်ပေါ်ကာ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လမ်းပိုင်းပျက်စီးမှုနှင့် ရေဝပ်နေသည့် အခြေအနေများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နာဂဒေသ လဟယ်-တိုက်ရံ-ပုံညိုလမ်းပိုင်း ပျက်စီး၊ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 29 • 7:53 AM
Myanmar
Sagaing
Share
| 16 | 0 | 0 | 0 |


