မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးနှင့် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ပီရှန်းဆေးရုံတို့အကြား ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်သည့် ဆေးပညာဖလှယ်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၃ ရက်က တရုတ်နိုင်ငံ ပီရှန်းဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအစီအစဉ်ကို ချုံချင့်နိုင်ငံခြားရေးဌာန၊ ချုံချင့်မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် ပီရှန်းဆေးရုံတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ချုံချင့်မြို့၌ ဆေးပညာဖလှယ်ရေးအစီအစဉ် ဖွင့်လှစ်
Jun 29 • 7:51 AM
China
Local News
Share
| 0 | 0 | 0 | 0 |


