back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် လူငယ်များအကြား ခေတ်စားနေသည့် ကထောင့်ဆေးရည်ရောင်းချသော ဆိုင်များကို ဆက်တိုက်လိုက်လံဖမ်းဆီးနေ

Jun 29 • 4:55 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် လူငယ်များအကြား ခေတ်စားနေသည့် ကထောင့်ဆေးရည်ရောင်းချသော ဆိုင်များကို ဆက်တိုက်လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဘိန်းစာရွက်ဖြင့် ချက်လုပ်ထားသည့် ကထောင့် (ခေါ်) မူးယစ်ဆေးရည် ရောင်းချနေသော ဆိုင်များကို ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းက စ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဘိန်းစာရွက်ဖြင့် ချက်လုပ်ထားသည့် ကထောင့် (ခေါ်) မူးယစ်ဆေးရည် ရောင်းချနေသော ဆိုင်များကို ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းက စတင်ကာ အာဏာပိုင်များက ဆက်တိုက် ဝင်ရောက်ဖမ်းဆီးလျက်ရှိသည်။ ရန်အောင်မြေရပ်ကွက်၊ ပါလျံ (၁) ရှိ "ငုဝါ" ကထောင့်ဆိုင်နှင့် ပါလျံ (၂) ရှိ "VVIP" ကထောင့်ဆိုင်တို့ကို ဝင်ရောက်စီးနင်းခဲ့ရာ ဘိန်းစာရွက်များ၊ ချက်လုပ်ပြီးသား ကထောင့်ဆေးရည်များနှင့် ရောစပ်ရာတွင်အသုံးပြုသည့် ချောင်းဆိုးပျောက်ဆေးရည်များကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ကထောင့်ဆေးရည်မှာ ကျန်းမာရေးထိခိုက်စေသည့် မူးယစ်ဆေးရည်တစ်မျိုးဖြစ်သော်လည်း လက်ရှိတွင် လူငယ်များအကြား သောက်သုံးမှု အလွန်များပြား ခေတ်စားနေခြင်းကြောင့် မိဘအသိုင်းအဝိုင်းက စိုးရိမ်မကင်းဖြစ်နေကြကြောင်း သိရသည်။

news-view-count-icon

19