ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ရေပူကျေးရွာနှင့် ဆင်တဲကျေးရွာအကြားရှိ မာရီဂိုပန်းစက်ရုံ (ဒေသခံများအခေါ် ရေမွှေးစက်ရုံ) မှ နေ့ညမပြတ် ထွက်ပေါ်နေသော ပြင်းထန်သည့် အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်ကျေးရွာများမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အသက်ရှူကျပ်ခြင်း၊ ခေါင်းမူးခြင်း၊ နှလုံးတုန်ခြင်းနှင့် အော့အန်ခြင်းစသည့် ကျန်းမာရေးဆိုးကျိုးများကို ပြင်းထန်စွာ ခံစားနေရသည်။ ထို့ပြင် စက်ရုံသို့ ပန်းပုပ်များ သယ်ဆောင်လာသည့် ကားလမ်းတစ်လျှောက်တွင်လည်း အနံ့ဆိုးများ ကျန်ရှိခဲ့သဖြင့် ပင်ဖြစ်ကျေးရွာနှင့် ထီးခမ်းကျေးရွာများအထိပါ အနံ့ဆိုးဒဏ်ကို ကြုံတွေ့နေရကြောင်း သိရသည်။အဆိုပါလုပ်ငန်းမှာ ယခင်က ဟိုပုံးနှင့် ပင်းတယမြို့နယ် ဝါတရာရွာတို့တွင် လုပ်ကိုင်ခဲ့ဖူးသော်လည်း ဒေသခံများ လက်မခံသဖြင့် ယခု ရေပူကျေးရွာဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်၊တောင်ကြီးမြို့ မာရီဂိုပန်းစက်ရုံမှ အနံ့ဆိုးများကြောင့် ဒေသခံ ကလေးနှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးထိခိုက်နေ
Jun 29 • 6:46 AM
Myanmar
Shan
Share
| 11 | 0 | 0 | 0 |


