back

မွန်ပြည်နယ်၊သထုံမြို့နယ်၊ ကျိုက္ကော်ချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ထိရောက်စွာ တားဆီးအရေးယူပေးရန် ဒေသခံများ တောင်းဆို

Jun 29 • 3:45 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊သထုံမြို့နယ်၊ ကျိုက္ကော်ချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ထိရောက်စွာ တားဆီးအရေးယူပေးရန် ဒေသခံများ တောင်းဆို

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ကျိုက္ကော်ချောင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် ကားလမ်းမပေါ် နှစ်စဉ်ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် သက်ဆိုင...

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ကျိုက္ကော်ချောင်း ရေစီးရေလာကောင်းမွန်စေရန်နှင့် ကားလမ်းမပေါ် နှစ်စဉ်ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာဌာနများက ချောင်းအား ပြန်လည်တူးဖော်ပေးခဲ့သော်လည်း လက်ရှိတွင် ချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ အထူးသဖြင့် သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရွှေလှေတန်းရပ်ကွက်ဗလီနှင့် ကျိုက္ကော်သုဝဏ္ဏဝတီ (မြို့မဈေး) အနီးရှိ ကျိုက္ကော်ချောင်းအတွင်း အမှိုက်လာရောက်စွန့်ပစ်မှုများပြားနေသဖြင့် ချောင်းရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေကာ ရေပြန်လည်ကြီးအိုင်လာမည့်အရေး စိုးရိမ်ရသဖြင့် စည်းကမ်းမဲ့အမှိုက်ပစ်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် တားဆီးအရေးယူပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။

news-view-count-icon

9