ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ အ.ထ.က (၁) စာစစ်ဌာနတွင် ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၄၇၁ ဦးအနက် ၂၃၄ ဦး အောင်မြင်ခဲ့ကြောင်း ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းကြောင့် လွိုင်ကော်စာစစ်ဌာန၏ အောင်ချက်ရာခိုင်နှုန်းမှာ ၄၉.၆၈ ရာခိုင်နှုန်း ရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ကရင်နီပြည်နယ်အတွင်း စာမေးပွဲဖြေဆိုသူ ၁၃၂ ဦးရှိပြီး ၆၈ ဦးသာ အောင်မြင်ခဲ့ရာမှ ယခုနှစ်တွင် ဖြေဆိုသူ ၃၃၉ ဦးအထိ တိုးတက်များပြားလာခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူ ၂၅၅,၂၂၈ ဦး ရှိသည့်အနက် ၁၃၃,၆၇၃ ဦး အောင်မြင်ခဲ့သဖြင့် တစ်နိုင်ငံလုံး၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၂.၃၇ ရာခိုင်နှုန်း ရှိကြောင်း အရ သိရသည်။
ကယားပြည်နယ်၊လွိုင်ကော်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူများအနက် ကျောင်းသား ၂၃၄ ဦး အောင်မြင်
Jun 29 • 3:40 AM
Myanmar
Kayah
Share
| 11 | 0 | 0 | 0 |


