back

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်၌ ပျက်စီးသွားသည့် ဓာတ်အားခွဲရုံများကို ပြင်ဆင်ပြီးနောက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ပြန်လည်ရရှိ

Jun 29 • 3:01 AM

breaking-news

Myanmar

Mandalay

cover

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်၌ ပျက်စီးသွားသည့် ဓာတ်အားခွဲရုံများကို ပြင်ဆင်ပြီးနောက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ပြန်လည်ရရှိ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့မှစတင်ကာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ပြန်လည်ရရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌ...

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့မှစတင်ကာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး ပြန်လည်ရရှိပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ မိုးကုတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန်အတွက် 66/33/11kV (30+10)MVA မိုးကုတ်ဓာတ်အားခွဲရုံ (နန်းနွဲ့) နှင့် 33/11kV (5)MVA မင်းတံတားဓာတ်အားခွဲရုံ (၂) တို့တွင် ပျက်စီးနှင့် ပျောက်ဆုံးခဲ့သည့် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ ပစ္စည်းကိရိယာများကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်အစားထိုး ပြင်ဆင်ခဲ့ကြသည်။အဆိုပါ အစားထိုးပြင်ဆင်မှုလုပ်ငန်းများမှာ ဇွန်လ ၂၅ ရက်နေ့တွင် အလုံးစုံပြီးစီးခဲ့ပြီး Main ထရန်စဖော်မာ (30)MVA နှင့် sub ထရန်စဖော်မာ (10)MVA တို့အား Float Charge လုပ်ငန်းကိုလည်း အောင်မြင်စွာ စမ်းသပ်လုပ်ဆောင်ကာ ဓာတ်အားရယူခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ စနစ်တကျ ပြုပြင်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြာမြင့်နေပြီဖြစ်သော မိုးကုတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်မီး ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

22